ကြက်ဆင်ပေးသောသင်ခန်းစာ
ကြက်ဆင်တစ်အုပ်ကို မည်ကဲ့သို့ခေါ်ဆိုသည်ကို သင်သိပါသလား။ ‘Rafter’ ဟု ခေါ်ပါသည်။ ကြက်ဆင်အကြောင်းကို ကျွန်တော်ရေးသားရခြင်းမှာ လွန်ခဲ့သော စနေတနင်္ဂနွေပိတ်ရက်က တောင်ပေါ်စခန်းတစ်ခုသို့ သွားလည်ခဲ့ရာ၊ ကျွန်တော်တည်းခိုသည့်အခန်း၏ဆင်ဝင်ကိုဖြတ်ပြီး တန်းစီသွားေနေသည့် ကြက်ဆင်များကို တွေ့ပြီး တအံ့တသြကြည့်မိသည်။ ယခင်က ကျွန်တော်ကြက်ဆင်များကို သတိထားမကြည့်ခဲ့ဘူးပါ။ ၎င်းတို့သည် အံ့ဖွယ်ခြေသည်းကြီးများနှင့် မြေကြီးကို ပြင်းထန်စွာ ကုတ်ခြစ်သည်။ ထို့နောက် အစာကို နှုတ်သီးဖြင့်ထိုးဆိတ်၍စားသည်ဟု ကျွန်တော်ထင်ပါသည်။ (ကျွန်တော့် အတွက် ပထမဆုံးအကြိမ် ကြက်ဆင်များကို လေ့လာခြင်းဖြစ်သဖြင့် ရာနှုန်းပြည့် တော့ မသေချာပါ)။ အရိုးအပြိုင်းပြိုင်းနှင့်ကြုံလှီသောချုံပုတ်များကို ကြည့်ပြီး ဤအရပ်၌ ၎င်းတို့အသက်ရှင်နိုင်မည်ပုံမပေါ်ပါ။ သို့သော် ဤနေရာတွင် တစ်ဒါဇင် မကသောကြက်ဆင်များ ဝဝဖြိုးဖြိုးလှလှပပနှင့်အသက်ရှင်နေသည်ကိုတွေ့ရသည်။ ဝလင်စွာစားသောက်ရသော ထိုကြက်ဆင်များကိုကြည့်ပြီး မဿဲ ၆:၂၆ မှ သခင်ယေရှု၏စကားက အတွေးထဲဝင်လာသည်။ “မိုးကောင်းကင်၌ ကျင်လည်သော